ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေး

မြန်မာနိုင်ငံ၏ စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် -

၁။ ဥပ‌ဒေ နှင့် လုပ်ထုံးစည်းမျဉ်းများ ဆိုင်ရာဝန်းကျင် တိုးတက်‌ကောင်းမွန်‌စေခြင်း

၂။ နိုင်ငံပိုင်လုပ်ငန်းများကို လိုအပ်သလို ပြန်လည်ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းများ အုပ်ချုပ်စီမံကွပ်ကဲမှု ပုံစံများ  ပြုပြင်‌ပြောင်းလဲခြင်း 

၃။ ကုန်သွယ်‌ရေး နှင့် စီးပွား‌ရေး ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးတိုးတက်‌ရေးကို အား‌ပေး မြှင့်တင် ‌ပေးခြင်း

၄။ စီးပွား‌ရေးနှင့် ဝန်‌ဆောင်မှုလုပ်ငန်းများ လူတိုင်း လက်လှမ်းမှီ‌အောင် ပြန်လည်ပြုပြင်ခြင်း နှင့်

၅။ အ‌ခြေခံ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်‌စေခြင်း

ဟူ‌သောမဏ္ဍိုင်ကြီး (၅) ရပ်ဖြင့် ဆက်လက်‌ဆောင်ရွက်လျက် ရှိပါသည်။ UMFCCI သည် ပုဂ္ဂလိက ကဏ္ဍမှ ‌တွေ့ရှိ‌နေရ‌သော အ‌ခြေခံအရင်းအမြစ်ကျ‌သော အမျိုသား‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး နှင့် နိုင်ငံ‌ရေး ဆိုင်ရာ အခက်အခဲများ ကူညီ‌ဖြေရှင်းခြင်းကို အစွမ်းကုန် တာဝန်ခံ ‌ဆောင်ရွက် ‌ပေးလျက်ရှိပါသည်။

 

UMFCCI သည် ပုဂ္ဂလိကကဏ္ဍမှ လိုလား၍ အကျိုးပြု‌ပေးမည်ဟု ‌မျှော်လင့်ရပြီး တာဝန်ခံမှု အပြည်အဝပါရှိ၍ စိတ်ချရ‌သော ရင်းနှီးမြုပ်နှံမှုနှင့်မူဝါဒများကို စဉ်ဆက်မပြတ် ‌ထောက်ခံလျက် ရှိပါသည်။ UMFCCI သည် စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှု၌ ‌ရေရှည်ခိုင်မာ စဉ်ဆက်မပြတ်အကျိုပြုမည့် လုပ်ငန်းများ ဦးစား‌ပေး ‌ဆောင်ရွက်‌ပေး‌လေ့ရှိပါသည်။ UMFCCI သည် မြန်မာနိုင်ငံ‌တော်၏ စီးပွား‌ရေး‌လောကသား အားလုံးက လက်တွဲညီညီ အပြန်အလှန် ကူညီ‌ပေးနိုင်‌စေခြင်းအလို့ငှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေး‌ကော်မတီဥက္ကဋ္ဌ နိုင်ငံ‌တော်ဒုတိယသမ္မတ ဦးမြင့်‌ဆွေ ဦး‌ဆောင်၍ ပြည်‌ထောင်စုဝန်ကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို လစဉ်ပုံမှန် ကျင်းပလျက် ရှိပါသည်။

Back